ဘုတလင်နယ်ထဲ စစ်အုပ်စု ဆက်လက် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေ











>> YOUR LINK HERE: ___ http://youtube.com/watch?v=HaPHutu7ZaA

ဘုတလင်နယ်ထဲ စစ်အုပ်စု ဆက်လက် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ပြည်သူတွေကို ဓားစာခံ ဖမ်းဆီး၊ • သက်တန့်/MFP ၊ အောက်တိုဘာ - ၂၂ • စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးရွာက ပြည်သူ ၁၂ ဦးခန့်ကို စစ်အုပ်စု ထပ်မံ ဖမ်းဆီးပြီးနောက် ရွာကို ထပ်မံ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ • အဲဒီစစ်အုပ်စုဟာ အောက်တိုဘာ ၁၉ရက်မှာ စိုင်းပြင်လေးရွာကို စီး နင်းဝင်ရောက် မီးရှို့ဖျက်ဆီးပြီးနောက် အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းမှာ ကျောက်အိုး၊ ဒါန်းတိုင်ဘက်ကို စစ်ကြောင်း အထွက်ပြခဲ့တာ လည်းဖြစ်ပါတယ်။ • စစ်အုပ်စုရဲ့ စစ်ကြောင်းမရှိတော့ဘူး အထင်နဲ့ စိုင်ပြင်လေးရွာထဲ ဝင်ရောက်မီးငြှိမ်းသတ်ဖို့ လုပ် ဆောင်တဲ့ ဒေသခံပြည်သူတွေ အခုလို ဖမ်းဆီးခဲ့တာပါ။ • အဲဒီလို ဖမ်းဆီးခံရပြီးနောက် စစ်အုပ်စုက စိုင်ပြင်လေးရွာကို ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါ တယ်။ • စစ်အုပ်စုဟာ ကင်းပုန်းဝပ် ၊ တပ်ဖျောက်ပြီး ပြည်သူတွေကို အခုလို ဖမ်းဆီးတာမျိုးတွေရှိနေတဲ့အတွက် ပြည် သူ တွေအနေနဲ့ သတိထားသွားလာကြဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ပြီးမှသာ ကျေးရွာတွေ ထဲကို ပြန်ဝင်ရောက်ကြဖို့ ဘုတလင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့(ဘုတလင်မြို့နယ်-ပအဖ) တာဝန်ခံက အသိ ပေး ပြောကြားပါတယ်။ • စစ်အုပ်စုဟာ အောက်တိုဘာလ ၄ ရက်ကစလို့ ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေခဲ့တာဖြစ်ပြီးလက်ရှိမှာ ကလေးသူငယ်တွေ အပါအဝင် ဒေသ ခံပြည်သူ ၂၀ ကျော်ကို သတ်ဖြတ် ထားသလို ရွာငါးရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ပြီး ဖြစ်ပါတယ်။ • ဒါ့အပြင် ဒေသခံပြည်သူ ၆၀ ခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ်ဖမ်းဆီးထားပြီး စစ်ကြောင်းတစ်လျှောက် လက်နက် ခဲယမ်းတွေသယ်ဆောင်ခိုင်းသလို စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း ဝတ်ဆင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ • MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။ • Website - https://mandalayfreepress.com • Youtube -    / @mandalayfreepressmfp   • Telegram - https://t.me/mandalayfreepress • Facebook -   / mandalayfreepress   • #Mandalay_Free_Press_MFP

#############################









New on site
Content Report
Youtor.org / YTube video Downloader © 2025

created by www.youtor.org