မိသားစုကန်တော့ပွဲ
YOUR LINK HERE:
http://youtube.com/watch?v=KVY37JXRU9o
ဝါလ ကင်းလွတ် သီတင်းကျွတ် • အခါသမယမှာ ဝေးကွာနေသော • မိသားစုများအားလုံး ပြန်လည်ဆုံစည်းနိုင်ကြပါစေ • • မိသားစုကန်တော့ပွဲ • တေးရေး - ဟင်္သာတထွန်းရင် • တေးဆို - ဇွဲ ဆွေဆွေမြင့် ရွှေစည် • Lyrics • လူလားမြောက်တဲ့ အရွယ်ကတည်းကလေ • လောကဓံကို ရင်ဆိုင်တွေ့ကြုံခဲ့ပါပေ • နိမ့်ချည်တစ်ခါ သာချည်တစ်လှည့်ရယ်နဲ့ • သမုဒ္ဒယနယ်မှာ ကျင်လည်ကျက်စား • မအားလပ်နိုင်ရှာပေ လောကဓမ္မတာ • သောကအဖြာဖြာကြုံခဲ့ရပေ • ချစ်သောဖေဖေ ချစ်သောမေမေ • မတွေ့တာကြာလေလေ • ပို၍ သတိရလေလေ • ရင်၌လွယ်ဖွားသားသမီးများက • အတိုးချကန်တော့ပါရစေ • မြင်းမိုရ်တောင်ဦးကျေးဇူးဂုဏ်တွေ • ဆပ်လို့မကုန်ပေ • သီတာရေတစ်ပေါက်ကလေး • ကျရုံမျှနှင့်မိဘတို့ဝမ်းမငြိမ်းချမ်းပေ • ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် • ဝါးဖတ်တော်ကစီနှစ်နှင့် • လူဖြစ်အောင်ကျွေး • မှက်ခြင်ယင်မသန်းရအောင် • ပင်ပန်းကြီးစွာ • မွေးမြူရပေ • ဒီကျေးဇူးဂုဏ်တွေရည်မျှော်မှန်းလို့ • သားကန်တော့ပါတယ်လေ • ကျေးဇူးရှင်ဖေဖေနဲ့မေမေ • ငယ်စဉ်တောင်ကျေးကလေးဘဝက • တေးဆိုလချော့မြူပုံတွေ • မှတ်မိနေသေးပေ • ခိုဖြူခိုပြာခိုဝါနက်ကယ် • အဖမ်းခတ်လို့ဆိုတဲ့အသံတွေ • မိတ္တီလာကန်တော်အောက်က • ဖားကလေးတွေကောက်ခါပေးဖို့ • မှာလိုက်တဲ့အသံလေးတွေ • သမီးဖြင့်ကြားရောင်မိတယ်လေ • ငယ်စဉ်တောင်ကျေးကလေးဘဝက • တေးဆိုလို့ ချော့မြူပုံတွေ • မှတ်မိနေသေးပေ • ခိုဖြူခိုပြာခိုဝါနက်ကယ် • အဖမ်းခတ်လို့ဆိုတဲ့အသံတွေ • မိတ္ထီလာကန်တော်အောက်က • ဖားကလေးတွေကောက်ခါပေးဖို့ • မှာလိုက်တဲ့အသံလေးတွေ • သမီးဖြင့်ကြားယောင်မိတယ်လေ • ကာလာလရေကြည် • ဪ သန္ဓေတည်ကတည်းက • ပူငန်စပ်ခါးရှောင်ရှားကာလေ • မကောင်းမေတ္တာ ကောင်းရာညွန်လို့ • ရင်းနှီးပေးဝေ • အတက်လိုလည်းသင်စေ • ထိမ်းမြားခြင်းဝတ်ငါးအင် ကျေပွန်ပါပေ • ကြီးမားသောမေတ္တာမျိုးနဲ့ • သားသမီးဆိုးတွေကိုလဲ • ပစ်ရိုးထုံးစံမရှိခဲ့ပေ • တို့ဘုရားသော်မှနို့တလုံးဖိုးကျေ • အနန္ဒဂိုဏ်းဝင်ကျေးဇူးရှင် • မိဘနှစ်ပါးကို • သားကန်တော့ပါတယ်လေ • တစ်အူတုံဆင်းတို့မောင်နှမအရင်းတွေ • ချစ်ချင်းမေတ္တာအဓိကထားလို့လေ • ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ • ဩဝါဒစကား • မကြားရတာကြာခဲ့ပြီလေ • ချစ်သောဖေဖေချစ်သောမေမေ • သားတို့သမီးတို့ • လက်ဆယ်ဖြာယှက်ကာမိုးလို့ • ရှိခိုးကန်တော့ပါရစေ • ကျေးဇူးရှင် ဖေဖေနဲ့မေမေ • ကျေးဇူးရှင် ဖေဖေနဲ့မေမေ • ကျေးဇူးရှင် ဖေဖေနဲ့မေမေ • • Follow De Square Wave • / desquarewave • / desquarewaveontiktok • #desquarewave #မိသားစုကန်တော့ပွဲ #ဆွေဆွေမြင့် #thadingyut
#############################
