PIR Motion Sensor ဘယ်လိုအလုပ်လုပ်သလဲ
>> YOUR LINK HERE: ___ http://youtube.com/watch?v=c_4bzWweVbE
PIR ( Motion Sensor ) ဆိုတာဘာလဲ ? • PIR Motion Sensor ဆိုတာ အရှည်အားဖြင့် Passive Infrared Radiation( Motion Sensor )ဖြစ်ပြီး PIR Sensor သည် • လှုပ်ရှားမှု့ဖြင့်အလုပ်လုပ်ရန်ခွင့်ပြုထားပါတယ် လူရဲ့လှုပ်ရှားမှု့နှင့် Sensor Range နှစ်ခုကြားထဲမှာ • အလုပ်လုပ်ရန်တည်ဆောက်ထားပါတယ် ။ သေးငယ်၍အဖိုးနှုန်းချိုသာပြီး ပါဝါလဲအစားသက်သာကြလို့ နေအိမ်တွေ • စီးပွားရေးဆိုင်ရာအဆောက်အုံတွေမှာ လျှပ်စစ်ချွေတာရန် တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ် • PIR ဆင်ဆာကို အခြေခံအားဖြင့် pyroelectric sensor (http://adafru.it/aKh) နည်းဖြင့်ပြုလုပ်ထားပြီး • သံကိုယ်ထည်အဝိုင်းဗူးအတွင်းအလည်တည့်တည့်မှာ စတုဂံပုံ ပုံဆောင်ခဲကိုထည့်သွင်းထားပြီး ပါဝါပေးသွင်းလိုက်သည်နှင့် • Infrared Radiation ကို ရှာဖွေနေလိမ့်မည် IR craystal ကို နှစ်ပိုင်းခွဲထားပြီး တခုခြင်းဆီက IR Radiation ကို pinout • ဖြစ်ဖြင့် နိမ့်ချေ မြင့်ချေဖြင့် အခြင်းအခြင်းအပြန်အလှန်ရှာဖွေနေကြတယ် • IR ဆင်ဆာဆားကစ်ပြားပေါ်တွင် Resistor, Capacitor တို့ဖြင့် အထောက်အပံပြုတည်ဆောက်ထားတယ် • များစွာသော အဆောက်အဦးတွေအတွတ် လူများထွတ်ခွာသွားခြင်း ဝင်ရောက်လာခြင်းကို သိရှိဖို့အတွတ် PIR ဆင်ဆာက • အကောင်းဆုံးဖြစ်တယ်လို့ ရည်ညွှန်းထားပါတယ် ဥပမာ SuperMarket ကြီးများတွင် PIR ဆင်ဆာတပ်ဆင်၍ • အဝင်တံခါးအဖွင့်အပိတ်ကို ထိန်းချုပ်ထားတာကို သင်မြင်တွေ့နိုင်ပါတယ် • PIR Sensor ရဲ့ Sensitivity Range ကတော့ အမြင့်ဆုံး ပေ ၂၀ အထိချိန်လို့ရနိုင်ပြီး 110ံx 70ံ ဧရိယာအတွင်း • အလုပ်လုပ်ပါတယ် Power Supply အနေဖြင့် 5-12V ပေးသွင်းနိုင်ပြီး သူ့အတွင်းမှာ 3.3V Regulator ပါရှိသေးပါတယ် • PIR ဆင်ဆာ ဘယ်လိုအလုပ်လုပ်သလဲ ? • သူ့မှာ ဆင်ဆာ Slots နှစ်ခုဖြင့်ဖွဲ့စည်းထားပါတယ် Slots တခုခြင်းစီကို အထူးသတ္တုဖြင့်လုပ်ထားပြီး အပြင်မှာဖုံးထားတဲ့ • ကာဗာ Lens ကတော့ IR Crystal ပေါ်သို့ Radiation ကိုစုပေးခြင်းအလုပ်ကိုတာဝန်ယူထားပါတယ် IR Sensor ရဲ့ • သက်ရောက်မှု့အတွင်း လှုပ်ရှားမှု့မရှိသောအခါ Slots နှစ်ခုကြား Radiation Amont ကအတူတူပဲဖြစ်နေပါပြီး • နံရံပေါ်တွင်၎င်း မျက်နှာကျက်တွင်၎င်းတပ်ဆင်ထားကြတယ် လူ သို့ တိရစ္ဆာန် ဖြတ်သန်းလာသောအခါ ပထမဆုံးအဖြစ် • Slots တခုရဲ့ Radiation ကိုဖြတ်တားလိုက်လိမ့်မယ် ထိုအခါ Slots နှစ်ခုကြားမှာ Possitive Differential • ပြောင်းလဲခြင်းဖြစ်ပေါ်လာချေမည် ယင်းနောက် လူ သို့ တိရစ္ဆာန် ဆင်ဆာဧရိယာမှ ပြန်လည်ထွတ်ခွာသွားသောအခါ Slots • နှစ်ခုကြားမှာ ယခင်မူလအတိုင်း Nagative Diffenential သို့ပြန်ပြောင်းသွားချေမည် ယင်းနှစ်ခုပြောင်းလဲခြင်းဖြင့် • လှုပ်ရှားမှုကို အစဉ်စောင့်ကြည့်နေလိမ့်မယ် • PIR Sensor ကိုဘယ်လိုအသုံးချမလဲ ? • များစွာသော PIR ဆင်ဆာတွေမှာ ခြေထောက်သုံးချောင်းသာပါဝင်ကြပြီး Gnd, Output, Vcc သုံးမျိုးသာပါရှိမယ် • ပါဝါအနေဖြင့် 5V ကနေ 12V အထိပေးသွင်းနိုင်မယ် တချို့ Relay အကြီးတွေနဲ့တွဲရမယ့် ဆားကစ်တွေဆိုရင်တော့ Two • Switch Connection အသုံးပြုမှရပေမည် ( ဥပမာ PIR သည်အမြင့်ဆုံး 12V သာခံနိုင်ပြီး Relay မှာ 24V သုံးမည်ဆိုပါက ) • PIR Sensor ကိုစမ်းသပ်ကြည့်သောအခါ pinout မှနေ၍ 3.3V ထုတ်ပေးတာကိုတွေ့ရပြီး ထိုအချိန်ဝယ် မီးလုံးကို • မှိတ်တုတ်မှိတ်တုတ်ဖြစ်နေစေလိမ့်မယ် လှုပ်ရှားမှု့မရှိတော့လျှင် ထုတ်ပေးနေသည့် 3V သည်ပျောက်သွား၍ • မီးလဲပိတ်သွားချေမည် • PIR Sensor မှာ အထွတ် ' timeours ' ခုန်နှုန်းကို ချိန်ညှိရန် potentiometer ငယ်နှစ်ခုပါဝင်တယ် တခုက TX ယင်းသည် • လှုပ်ရှားမှု့ပျောက်ကွယ်ပြီးနောက် ဘယ်အချိန်အထိ pinouts မှာ ဗို့ထုတ်ပေးနေဦးမည်လဲချိန်ညှိရန် ဥပမာ လူဝင်လာ၍ • မီးထွန်းပေးသော်လည်း လူသည်အကြောင်းအမျိုးမျိုးကြောင့် ခဏငြိမ်သွားလျှင် မီးပိတ်သွားလိမ့်မည် • ယင်းအဖြစ်ကိုအလိုမရှိ၍ TX ကိုလှည့်ပေးခြင်းဖြင့် ချိန်ဆနိုင်သည် . Tx potentiometer ကိုအဆုံးထိလှည့်ချထားလျှင် 0 • Ohm ဖြစ်နေပြီး 2.5 Second ထက်နည်းစွာ နောက်ကျပေးလိမ့်မည် . အဆုံးထိလှည့်ပေးထားလျှင်တော့ 250 Second • ကြာသည့်တိုင်မှ ရပ်ပေလိမ့်မည် SX ကိုလှည့်ပေးခြင်းဖြင့် Sensitive ကိုချိန်ညှိနိုင်သည် လက်လှုပ်ရုံဖြင့် သိမလား သို့ • ခုန်ပေါက်နေမှ သိမလား စသည်ဖြင့် ။။။ • TX = Time Delay Set • SX = Set Sensitive • Web Site တခုမှ သင့်လျှော်အောင်ဘာသာပြန်ထားပါသည် အမှားပါရှိပါက ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် တိုက်ရိုတ် web site • လင့်ခ်တွင်တော့ Aurdino Project အကြောင်းပါ ပါဝင်ပေသည် စိတ်ဝင်စားပါက • အောက်ပါလင်ခ့်မှနေ၍ဝင်ရောက်လေ့လာနိုင်ပါသည် • https://learn.adafruit.com/pir-passiv... • ကျမ်းမာကြပါစေ • လျှပ်စစ် ကျောင်းသား
#############################
